ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်​ ဒေသခံပြည်သူ (၁၅၄၂၅)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)​ မြို့နယ်တွင် ​နေရာ (၃)နေရာခွဲ၍ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဦးစားပေး စတင်ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

မိုင်းယောင်းမြို့၌ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနမှ လဝကမှူး ဦးပွားမောင် ဦးဆောင်သည့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် တပ်မတော်သား မိသားစုဝင်များအတွက် အိမ်ထောင်စုလူဦးရေ စာရင်းများ၊ ကလေးမွေးတိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးမှုများအား မိတ္တူထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ရက်က ဆောင်ရွက်ပေးသည်။

ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဆွမ်းဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီး ကျောင်းများနှင့် စားဝတ်နေရေးကြပ်တည်းနေသူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဆွမ်း ဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အချို့မှ စားဝတ် နေရေးခက်ခဲကြပ်တည်းနေသူ အခြေခံလူတန်းစား သာမန်လက်လုပ်လက်စား ချို့တဲ့မိသားစု နေ အိမ်များအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက Kyauk Phyu Youth အဖွဲ့မှ ပရဟိတလူငယ်များမှ ၎င်းတို့၏နေအိမ်များအရောက် သွားရောက်ကာ ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အ-ထ-က(၂)ကျောင်းနှင့် အ-ထ-က(သုဝဏ္ဏ)ကျောင်းတို့၌ ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်သည့် အောက်ဆီဂျင် ထုတ်စက်ရုံ စတင်လည်ပတ်နေမှုအား မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်၊ ရေနံသာ လမ်းရှိ စည်ပင်သန့်ရှင်းရေးဝန်း၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူ တည်ဆောက်သည့် အောက်ဆီဂျင်ထုတ်စက်ရုံ စတင်လည်ပတ်နေမှုအား ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက စက်ရုံလည်ပတ် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုဗစ်-၁၉ လူနာကုသရေးစင်တာ အသစ်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည် ယမန်နေ့ မွန်းလွဲပိုင်းက သုဝဏ္ဏအားကစားကွင်း ကိုဗစ်-၁၉ ရောဂါ လူနာကုသရေးစင်တာ ဖွင့်လှစ်ရန်ပြင်ဆင်နေမှု၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှု နှင့် စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကို ကာကွယ်ဆေးထိုးနှံပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း အပါး (၅၀၀)အား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့၊ ညနေ ၃ နာရီခွဲက ဆ/ကရပ်ကွက် လယ်တီဝိပဿနာကျောင်း၌ ဆက်လက်၍ ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (​၄) ဦး ထပ်မံ ဆေးရုံ ဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၄၄၆) ဦးရှိပြီဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ယာယီသီးသန့်ကုသဆောင် တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများအနက်မှ ​၄ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ပရဟိတလူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး အထောက်အကူပြု အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါနန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၊ ပဲပြောင်း၊ နှမ်းနှင့် လယ်ယာ ထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်၌ ယမန်နေ့ နေ့လယ်(၁၃)နာရီအချိန်က ကြေးမုံစိမ်း မိသားစု ကုမ္ပဏီမှ ပရဟိတ လူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး အထောက်အကူပြု အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နွားမြန်းထောက်ချောင်းအနီး ပင်လယ်ပြင်၌ တစ်ဖက်နိုင်ငံသို့တရားမဝင် ပို့ဆောင်မည့် ငါးမြစ်ချင်းကုန်လှေ တစ်စီးအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် နွားမြန်းထောက်ချောင်းအနီး ပင်လယ်ပြင်၌ ယမန်နေ့ နံနက် (၁၀:၄၀)နာရီအချိန်ခန့်က တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် ငါးမြစ်ချင်းကုန်လှေ တစ်စီးအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
Subscribe to