အုတ်ဖို မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း (ဓမ္မစကူးလ်)များမှ သင်တန်းသား သင်တန်းသူများအတွက် စာရေးကိရိယာများ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
လှူဒါန်းမှုတွင် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့်အဖွဲ့မှ လှူဒါန်းပေးလျက်ရှိရာ မြို့နယ်အတွင်း ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သည့် ဘုန်းတော်ကြီးကျောင်း(၁၆)ကျောင်းမှ သင်တန်းသား သင်တန်းသူဦးရေ (၆၆၀)အတွက် ဗလာစာအုပ်(၁၉၈၃)အုပ်၊ ဘော့ပင်(၆၆၁)ချောင်းနှင့် မုန့်များ လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)