ကျိုက်ဒုံ မေ ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အမှတ် ၄ ရပ်ကွက်၊ ရဲစခန်းလမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းကို စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၇.၆၈၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လမ်းအကျယ် ၁၂ ပေ၊ ထု ၃လက်မ၊ လမ်းအရှည်(၄၆၀)ပေရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူးဦးသန့်ဇော်၊ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)