လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြု(တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ  မေလ  ၁၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာဘဏ် အကူအညီဖြင့် လူထုဗဟုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် ကော်မတီဝင်များအား တွေ့ဆုံခြင်းကို ယမန်နေ့က ထီလုံကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ညိုညိုဝင်း၊ စီမံကိန်းမန်နေဂျာ ညွှန်ကြားရေးမှူးဦးလှခိုင်တို့က လူထုဗဟုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက စီမံကိန်းဆောင်ရွက်နေမှုအားရှင်းလင်းတင်ပြသည်။ ထို့နောက် ကျေးရွာစီထောက် ကော်မတီတစ်ဦးမှ သိရှိလိုသည်များမေးမြန်းပြီး လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်သော စာသင်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း (၆၀'×၃၀'×၁၂')အား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ကုလားကုန်းကျေးရွာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကုလားကုန်းကျေးရွာ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ၍ လူထုဗဟိုပြုစီမံကိန်းတတိယနှစ်စက်ဝန်းတွင် အကောင် အထည်ဖော်ဆောင်ရွက်သော မီးကြိုးမီးတိုင် သွယ်တန်းခြင်း(၃၀၅၇ပေ)(၂၆တိုင်) လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)