“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ နှင့် အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေး

မက်မန်း မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဌ ဦးညီနပ် နှင့် အဖွဲ့ဝင်များသည် မက်မန်းမြို့နယ် ၂၀၂၁ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ယူဆောင်ရွက်လျက်ရှိသော ရောင်အူ-ရောင်ကွန်လမ်း၊ မွတ်နိုး-ကောက်လန်း လမ်း၊ မက်မန်းမြို့ရှောင် ကျောက်လမ်းနှင့် နမ့်ကျွတ်-ပန်ကောက်-ရောင်ပန် မြေသားလမ်း၊ အခြေခံပညာဦးစီးဌာနမှ ဘဏ္ဍာနှစ်ဆောက်လုပ်သည့် မြို့နယ်ပညာရေးမှူးရုံးနှင့် ကျောင်းဆောင် များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တည်ဆောက်သည့် ကျောက်စီမြေထိန်းနံရံကို စစ်ဆေးပြီးလိုအပ်သည့် အချက်များကို သက်ဆိုင်ရာ ကုမ္ပဏီနှင့် တာဝန်ခံအင်ဂျင်နီယာကို အသေးစိပ် မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ဆောက်လုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ရုံးနှင့် ကျောက်စီမြေထိန်းနံရံ၊ မွတ်နိုးကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့် စာသင်ကျောင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မက်မန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လိုအပ်သည့် ကျန်းမာရေးဆေးဝါးများကို ထောက်ပံ့ပေးခဲ့ပါသည်။ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များသည် (၁၀-၅-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် မက်မန်းမြို့နယ် စီမံအုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို တွေ့ဆုံအားပေးသွားမည် ဖြစ်ကြောင်းနှင့် နေ့လည်ပိုင်းတွင် ဒေသဖွံ့ဖြိုး ရေး ဆက်လက်ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)