ဒေးဒရဲမြို့နယ်တွင် သာသနာ့ဗိမာန်အား ယာယီဆေးရုံဖွင့်လှစ်နိုင်ရေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာ့ဗိမာန်အား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် ယာယီဆေးရုံအဖြစ် ပြန်လည်အသုံးပြုရန်ပြင်ဆင်မှုကို ယမန်နေ့နံနက် ၁၁နာရီမှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။