ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူ (၁၀၀၆၂)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Simoparm ထိုးနှံပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် Volunteer များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Simoparm များ ထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၂၁ ရက်နေ့အထိ ဒေသခံပြည်သူ(၁၀၀၆၂)ဦးအား ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ oxygen concentrator (၅)လုံးလှူဒါန်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် ကွမ်းလုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲအား မြန်မာနတ်သမီး ပညာရေးဖောင်းဒေးရှင်းမှ oxygen concentrator(၅)လုံးကို ယနေ့နံနက် ၁၁နာရီအချိန်က အဆိုပါအသင်းခွဲရုံးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။

မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေး

မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေး မော်လိုက် ဩဂုတ် ၂၂ ကျော်ဖြိုးဝေ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့ ရွှေမုဌောမဟာစေတီတော်မြတ်ကြီးတွင် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်သရုပ်ပြမှု တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံ တန်ဆောင်းတွင် ယနေ့ နံနက် ၇ နာရီခွဲ အချိန်က (၆၉)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ကျင်းပ ပြုလုပ်သည်။ လှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရဖွဲ့ဝင် အတွင်းရေးမှူးတို့က ဆရာတော် သံဃာတော် အရှင်သူမြတ်များအား(၂၄၅၄၂၀၀ဝိ/-) တန်ဖိုးရှိ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ၊ သီလရှင်များအတွက် ဆပ်ကပ် လှူဒါန်းပြီး အနုမောဒနာ တရားတော်များ နာယူကြည်ညိုခဲ့ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူများအတွက် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း တစ်ဦးနှင့် တွေ့ဆုံမေးမြန်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူများအတွက် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း တစ်ဦးနှင့် တွေ့ဆုံးမေးမြန်း ပြင်ဦးလွင် ဩဂုတ် ၂၂ မြို့နယ် (ပြန်/ဆက်)

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့်  ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော  လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော၊ ဆွမ်းဆန်တော်နှင့် ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော ဆီ ၊ ပဲ၊ ကြက်သွန်၊ ကြက်ဉများ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့လယ် ၂ နာရီအချိန်  မြို့မပရဟိတကျောင်း၊ လောကမာရဇိန် သမုတ်သိမ်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပျော်ဘွယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရေး မလိုအပ်ဘဲနေအိမ်ပြင်ပထွက်ခွာခြင်းမျိုး မပြုလုပ်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

ပျော်ဘွယ်မြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (Stay at Home)မြို့နယ်အဖြစ်ထုတ်ပြန် ကြေညာထားရာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အဆိုပါထုတ်ပြန်မှုကို သိရှိလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်းလျှော့ချနိုင်ရေး မလိုအပ်ဘဲနေအိမ်ပြင်ပ ထွက်ခွာခြင်းမျိုးမပြုလုပ်ရန် အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီမှစတင်ကာ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
Subscribe to