ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ယခုမိုးရာသီတွင် သစ်ပင်ပျိုးပင်ပေါင်း (၆၀၀၀၀)ကျော်စိုက်ပျိုးမည်

ကြာအင်းဆိပ်ကြီး မေ ၁၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြို့ပြနှင့်  ကျေးလက်ဒေသ များ၌  သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်လာစေရေးအတွက် သစ်တောနှင့်သစ်ပင် ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက်၊ရွှေတိုက်ကိုစိုး ဟူသည့်ဆောင်ပုဒ်ဖြင့် သစ်တော ပြုန်းတီးမှုများ ပိုမိုများပြားလာသဖြင့် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်းနိုင်စေရေးအတွက်နှစ်စဉ်မိုးရာသီ၌ သစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

 

ယခုမိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်စေရေး မြို့ပြနှင့် ကျေးလက်ဒေသရှိ ပြည်သူများ အား ဖြန့်ဝေပေးနိုင်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ကျွန်းမဟော်ကနီ မာန်ဂျမ်ရှား ပျိုးပင်ပေါင်း(၆၀၀၀၀)ကျော် ပြုစုပျိုးထောင်စိုက်ပျိုးထားလျက်ရှိကြောင်းသိရသည်။

 

အဆိုပါပျိုးပင်များကို ယခုမိုးရာသီတွင် ပြည်သူများအား ပျိုးပင်(၅၀၀၀၀)ဖြန့်ဝေပေးသွား မည်ဖြစ်ပြီး ဒေသအစုအဖွဲ့ပိုင်သစ်တောအား ပျိုးပင်(၇၅၀၀)နှင့် သီးနှံသစ်တောကို ပျိုးပင် (၃၀၀၀) စုစုပေါင်း ပျိုးပင်(၆၀၅၀၀) ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးမှူးထံမှသိရသည်။

မျိုးမင်းဦး ပြန်/ဆက်