သာယာဝတီ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဆည်ရေများဖြင့် ၂၀၂၁ ခုနှစ်တွင် နွေစပါး ၂၇၄၇၄ ဧကအား ဧပြီလမှစတင်ကာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
သုံးဆယ်ရေလှောင်တမံမှ ၅၀၉၁၇ ဧက၊ သဲကောဆည်မှ ၉၆၇ ဧက၊ စက်ရေတွင်းမှရရှိသောရေဖြင့် ၆၄၂ ဧကနှင့် မုယင်းဆည်ရေဖြင့် ၈၉၀ ဧက စုစုပေါင်း (၂၇၄၇၄)ဧက စိုက်ပျိုးထားရှိပြီး၊၂၀၂၁ ခုနှစ် ဧပြီလမှာပင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း ဇူလိုင်လ ပထမပတ်တွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဥမ္မာမှ ပြောသည်။
နွေစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကရိယာများ အခမဲ့ငှားရမ်းပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်)