ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ကရင်ပြည်နယ်အတွင်း ဒေသဝမ်းစွာဖူလုံပိုလျှံ၍ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်စေရေးအတွက် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပသည်။