ဘားအံမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ်နိုင်တော့မည်ဖြစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ တွင် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး အတွက် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံ (၁)ရုံ၊ ပြည်နယ်အစိုးရအဖွဲ့ထံသို့ စေတနာရှင်များမှ လှူဒါန်းသည့် ကိုဗစ်-၁၉ လှူဒါန်းငွေ ဖြင့် ဝယ်ယူသည့် Oxygen Mobile Plant (၁) လုံး၊ ဘားအံမြို့သူ/မြို့သား အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့မှ ဘားအံမြို့သူ /မြို့သားများမှ စုပေါင်းလှူဒါန်း ငွေဖြင့်ဝယ်ယူ ထားသည့် Oxygen Mobile Plant (၁) လုံး ဖြင့် အောက်ဆီဂျင်များ (၂၄) နာရီ အခမဲ့ထုတ်လုပ်ပေး နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

ပုလောမြို့နယ်၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၌ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူဂန္ဓကုဋိကျောင်းတော်ကြီး၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ ညနေ (၃.၃၆)နာရီက ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။

ရေဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ စိုက်ဧက ၈၇၅၀၀ လျာထားစိုက်ပျိုး လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် ၂၀၂၀ - ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ၌ မြို့နယ်တွင်းရှိ "KC" စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ(၄)ခုတွင် မိုးစပါး ၅၆၅၀၄ ဧက၊ ရာခိုင်နှုန်းအားဖြင့် ၆၄ ဒသမ ၅၇၆ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

ရေဖြူမြို့တွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမ၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ၊ ယမန်နေ့ ညနေ့ (၃)နာရီခွဲက ဆရာတော် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။

မိုင်းယုမြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ယမန်နေ့က တာကြန့်ကျေးရွာအုပ်စု၊ နမ့်နော်(အောက်)ရွာသို့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ဗန်းမော်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးသီးနှံစိုက်ဧကများ ရေကြီး နစ်မြုပ်မှု ဆက်လက်ဖြစ်ပွား

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် တာပိန်မြစ်တို့၏ မြစ်ရေမြင့်တက်လာသဖြင့် မိုးစပါးသီးနှံ စိုက်ဧကများတွင် ဩဂုတ် ၁၈ ရက်နေ့မှ စတင်၍ ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အတွင်း ဒေသဝမ်းစွာဖူလုံပိုလျှံ၍ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်စေရေးအတွက် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသတွင်းရှိ ဒေသခံပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ စုံစမ်းနိုင်ရန် Call Center များ ဖွင့်လှစ်ထားရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကဒ်တစ်မျိုးမျိုး ထုတ်ပေးရန် (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ၁၈ လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လဟယ်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပေါ်ရပ်ကွက်နှင့် လဟယ် - ဆင်သေလမ်းပေါ်ရှိ ကျေးရွာအုပ်စုများနှင့် လဟယ် - နန်းယွန်း လမ်းပေါ်ရှိ ကျေးရွာများအား Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်ဩဂုတ် (၂၀)ရက်မှ စတင်၍ ယမန်နေ့အထိ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ပုသိမ်ကြီးမြို့နယ် ပရဟိတအသင်းသို့ လာရောက်အားဖြည့်ကူညီ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မေတ္တာစေတနာရှင် လူမှုကူညီရေး အသင်းရုံးနှင့် အောက်စီဂျင် အခမဲ့ဖြန့်ဖြူးပေးသည့် အသင်းခွဲနေရာ ရွှေလှည်း tea garden သို့ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် ယနေ့ နံနက် ၉ နာရီက ရောက်ရှိပြီး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်အချိုအား တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိများ ပြန်လည်မျှဝေ ပြောကြားခဲ့သည်။
Subscribe to