မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲနှင့် တူညီဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

 
မော်လမြိုင် မေ ၁၂
 
မွန်ပြည်နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲနှင့် တူညီဝတ်စုံများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် အရာရှိ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
 
အရန်မီးသတ်တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲနှင့် တူညီဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဟာ ခေတ်အဆက်ဆက် ကပင် မည်သို့သောအခြေအနေတွင်မဆို နိုင်ငံရေး အရောင်အသွေးမရှိဘဲ ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခု အဖြစ် ရပ်တည်လာခဲ့ပါကြောင်း၊ နိုင်ငံတော် တစ်ဝှမ်းလုံးမှာ ဖြစ်ပွားကြုံတွေ့ရတဲ့ မီးလောင်မှုဖြစ်စဉ် များ၊ ယာဉ်မတော်တဆမှုဖြစ်စဉ်များ၊ ရေဘေး၊ လေဘေး၊ မြေပြိုဘေး အစရှိတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်စဉ်များမှာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်သာ ရှေးရှုလျက် အချိန်နဲ့ တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လမ်းညွှန်ချက်များအနက် စာသင်ကျောင်းများ အမြန် ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များမှဝိုင်းဝန်း ပူးပေါင်းလုပ်အားပေးဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ စာသင်ကျောင်းတွေ မဖွင့်ခင် အချိန်မှာလည်း ဥပဓိရုပ် ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးကြဖို့နဲ့ စာသင် ကျောင်းတွေ့ရဲ့ လုံခြုံရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီမှလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုများ ဆောင်ရွက်ပေး သွားမှာဖြစ်ပါကြောင်း” ပြောကြားသည်။
 
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်တို့က ပြည်နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက် တူညီဝတ်စုံများကို ပေးအပ်ခဲ့သည်။
 
မွန်ပြည်နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အရန်မီးသတ်ဝတ်စုံ (၅၀၀၀) စုံ၊ လေ့ကျင့်ရေးမွမ်းမံ ဝတ်စုံ(၅၀၀)စုံ၊ အရန်အမျိုးသမီး ဝတ်စုံ (၁၀၄) စုံ၊ မီးငြှိမ်းသတ်ရေးဝတ်စုံ (၁၀၀)စုံ နှင့် ရှာဖွေ/ကယ်ဆယ်ရေး ဝတ်စုံ (၁၆၆)စုံတို့ကို ပေးအပ်သွားမည်ဖြစ်ပြီး မွန်ပြည်နယ်တွင် အရန်မီး သတ်တပ်ဖွဲ့ဝင်အင်အား(၉၀၀၀) နီးပါးခန့်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
 
ခရိုင်(ပြန်/ဆက်)