ရွှေကျင် မေ ၁၂
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၂ ရက် နံနက်၁၀ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် ရွှေကျင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင် မြို့နယ်ရဲမှူး တင်အောင်မြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပေးသည်။ ရွှေကျင်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီမှ လူမှုဝန်ထမ်းလုပ်ငန်းဆောင်ရွက်ချက်များ၊ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း တင်ပြပေးသည်။
ဆက်လက်ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်း များက ကလေးသူငယ်များနှင့် ပတ်သတ်သည့် အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)