မိုးညို မေ ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း မေလ(၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၁၅)ရွာမှ ပြိုလဲနေအိမ်(၂)လုံးနှင့် အမိုးလန်နေအိမ်(၆၀)လုံးတို့အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးရှိ OSS ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၂)လုံးနှင့် အမိုးလန် နေအိမ်(၆၀)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၂၀၂၀၀၀၀ ကျပ်၊ အိမ်ထောင်စု (၆၂)စုရှိ လူဦးရေ(၂၂၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ ၄၇၈၈၀၀ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ၂၄၉၈၈၀၀ ကျပ်နှင့်အဆိုပါပြိုလဲနေအိမ်(၂)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) နှစ်အိမ်ထောင်စာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာ၀န်ရှိသူများ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)