ကျောက်တံခါးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးလျက်ရှိ

ကျောက်တံခါး မေ ၁၁

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ကိုဆောင်ရွက်ရာတွင် အသက်(၁၆နှစ်မှ၁၈နှစ်ထိ) နှင့် (၁၈နှစ်မှအထက်) ရှိသူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျောက်တံခါး မြို့နယ် တွင်အသက်(၁၈)နှစ်ပြည့် လူဦးရေ(၁၇၃၅၁၀)ဦးရှိသည့်အနက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန်ကျန်ရှိသည့် (၇၀၈၃) ဦးအား ပန်းခင်းလမ်းစီမံချက်ဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်ကို ၂၀၂၁ခုနှစ်၊ မေလမှစတင်၍ (၁၆)ပတ်ကြာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းလှိုင်က  ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)