ခင်ဦးမြို့၌ အသွားအလာကန့်သတ်မှု (၁၀) ရက်ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ အသွားအလာကန့်သတ်မှု (၁၀) ရက် ထုတ်ပြန်ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းမြို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉) နာရီခွဲက စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အားမန်ရောင်းဝယ်ရေးသမဝါယမအသင်းသားများအား ကိုဗစ်ကာလအတွင်း စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း

ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက် အားမန်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်က ယနေ့နံနက်တွင် အသင်းသားများထံ အခြေခံစားကုန်များ အိမ်တိုင်ရာ ရောက်ထောက်ပံ့ပေးအပ်သည်။

ဒေးဒဲမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၇နာရီခွဲမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဩဂုတ်(၂၃)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါသက်သာ၍ (၄၉၃)ဦး ဆေးရုံမှဆေးခွင့်ရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် (၁)ရက်နေ့ မှ ဩဂုတ်လ(၂၃)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါသက်သာ၍ ဆေးရုံမှဆင်းခွင့်ရရှိသူအမျိုးသား (၂၉၀)ဦး၊ အမျိုးသမီး(၂၀၃)ဦး၊ စုစုပေါင်း(၄၉၃)ဦးရှိကြောင်း ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်မှုကော်မတီမှ သိရှိရသည်။

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ နတ်မောက်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယမန်နေ့ နံနက် (၇)နာရီ အချိန်ခန့်က စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့ အောင်တော်မူစေတီတော်တွင် ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်

တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် အောင်တော်မူ စေတီတော်ရင်ပြင် ရှိဓမ္မာရုံတွင် ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်က ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း သိရသည်

ဒီပဲယင်းမြို့နယ်တွင် အာဟာရပြည့်ဝသော စာနပ်ရိက္ခာများကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူ စားသုံးနိုင်စေရန် Home Gardening ပညာပေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အာဟာရပြည့်ဝသော စာနပ်ရိက္ခာများကို ဈေးနှုန်းချို သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် တောင်သူများအပိုဝင်ငွေ ရရှိစေရန် Home Gardening စိုက်ပျိုးခြင်း လုပ်ငန်း ကို ပညာပေး ဆောင်ရွက်လျှက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကြပ်မတ်စစ်ဆေး ပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် သတ်မှတ်စည်းကမ်း များနှင့်အညီ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် တစ်အိမ်ထောင် လျှင် တစ်ဦးသာ အိမ်အပြင်ထွက်ကတ်ဖြင့် သွားလာရန် မိုဘိုင်းစနစ်ဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လူအများသွားလာမှု များသည့် နေရာများတွင် အရှိန်အဟုန်မြှင့် စိစစ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီးထိရောက်စွာ ကုသထိန်း ချုပ်နိုင်ရန် ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ရပ်ကွက် နှင့်ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to