ဘုတ်ပြင်း ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် '' ခိုင်ခိုင်မြဲမြဲတို့လက်တွဲ မခွဲအဓိဌာန်ရာ သက်ပန်'' ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၈)ဦး ၊ ကဗျာပြိုင်ပွဲတွင် '' ပြည်ထောင်စုနေ့တို့မမေ့ '' ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ(၅)ဦး ၊ ပန်းချီပြိုင်ပွဲတွင် ''သွေးစည်းချစ်ကြည် ပြည်ထောင်စုဆီ'' ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၇)ဦး၊ကျပန်းစကားပြောပြိုင်ပွဲတွင် ''စိန်ရတုပြည်ထောင်စုနေ့''ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၃)ဦးဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)