ရခိုင်ပြည်နယ် မောင်တောမြို့၌  ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဆင်းပွဲပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၈ ရက် ညနေ  ၄ နာရီအချိန် ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။ 

အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

ရခိုင်ပြည်နယ် ၊သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေး၊ အသိပေးထုတ်ပြန်ချက်များနှိုးဆော်ခြင်းကို ဇန်နဝါရီ ၂၈ ရက် ညနေ ၃နာရီကစ၍ မြို့မဈေးကြီးအတွင်းမှ ဈေးရောင်း၊ဈေးဝယ်နှင့် ကံပိုင် ရပ်ကွက် ညနေစျေးရောင်း၊ စျေးဝယ်များ၊ ရပ်ကွက်များအတွင်း ဒေသခံပြည်သူများသိရှိစေရေးရပ်ကွက်များအတွင်း အသိပေးသတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေကာ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ် အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများကျင်းပ

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၅)နှစ် မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ပထမဆုရရှိသူများအား မြို့နယ်အဆင့်ရွေးချယ်ရန် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။

မလှိုင် မြို့နယ်တွင် သတင်းထုတ်ပြန်ရေးအဖွဲ့ကြေငြာချက်အား  အသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေငြာချက်အား ပြည်သူများသိရှိလိုက်နာစေရန် အသံချဲ့ စက်ဖြင့်အသိ​ပေးနှိုးဆော်​ခြင်းကို ယမန်နေ့က ​ မြို့ပေါ် ရပ်ကွက်များနှင့် လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အလယ်‌ကျေးရွာတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့မှ လိုအပ်လျက်ရှိသော အိမ်ထောင်စုများ ဆန်များ ထောက်ပံ့ပေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်‌ ကျေးရွာတွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စု များအား ဆန်နှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်များအား အာဟာရ ထောက်ပံ့ခြင်းကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန်က စတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမံချက် မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဒေါ်အေးမာသိန်းတို့ ဦးဆောင်သော အင်အား(၃၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့တွင် ဖွင့်လှစ်ခဲ့သည် (၁/၂၀၂၂) အရန်မီးသတ်တပ်ဖွဲ့(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ အမှတ်စဉ်(၁/၂၀၂၂) (မွမ်းမံ) သင်တန်း ဆင်းပွဲကို ယနေ့ ညနေ ၃ နာရီအချိန်က သပိတ်ကျင်းမြို့၊ ကဘဲ့ရပ် ကွက်၊ ကမ္ဘာအေးကွက်သစ် မြို့နယ်ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင် ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၃)နာရီထိ ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံ မြို့နယ်၊ စမ်းကြီးဝရပ်ကွက်ဓမ္မာရုံတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေး နွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ် ရေးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်၌ အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

သာကေတမြို့နယ် ၁၉ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့်ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး
Subscribe to