ပုလဲ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပုလဲရတနာခန်းမ၌၊ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနတာဝန်ရှိသူများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးရဲအောင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး မြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူးသန်းဇော်က နယ်မြေလုံခြုံ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ နှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍ များအလိုက် ဒေသဖွံ့ဖြိုးရေးနှင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့်အခက် အခဲများကို ရှင်းလင်းတင်ပြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးရဲအောင်က လုပ်ငန်း လိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုံတောင်သား