ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် သုဿာန်အဝင်လမ်း ကျောက်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ရှမ်းရွာသစ်   ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿာန်အဝင်လမ်း ကျောက်စီရေမြောင်းအပိုင်း(၄)ပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ အရှည် (၇၅၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၄)ပေရှိသော ကျောက်စီရေမြောင်းပြုလုပ်ခြင်း လုပ် ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၉၀၀၀၀၀၀/-)ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန် တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ယခင်ကထက် ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်၍ မြို့သန့်ရှင်းသာယာလှပပြီး အမြင်အားဖြင့် တင့်တယ်သွားမည်ဖြစ် မြို့စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

 ရှမ်းရွာသစ်(ပြန်/ဆက်)