မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ မြို့နယ်အဆင့်အခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်၉နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှူး ဒေါ်မို့မို့ခိုင်က ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင်ကျောင်းသား/ကျောင်းသူ (၁၅)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၁၅)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် (၅)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၀)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြမြဝင်း