မြောက်ဦး ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၁၁)အချိန်က စာအုပ်ပြပွဲခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ထိုသို့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန Community Center ခန်းမ၌ ကျောင်းသူ/ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိ ပညာဗဟုသုတရရှိမည့်စာအုပ်များ၊ မြန်မာနိုင်ငံသမိုင်းနှင့် သက်ဆိုင်သောစာအုပ်များ၊ ရခိုင်သမိုင်းကြောင်းများ စသည့်စာအုပ်များစွာကို ခင်းကျင်းပြသလျက်ရှိကြောင်းနှင့် ထိုစာအုပ်စာစောင်ပြပွဲကို ယနေ့မှစ၍ ဖေဖော်ဝါရီလ(၁၂) ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။ အဆိုပါ စာအုပ်၊ စာစောင်များစွာကို ရပ်ကွက်နေပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)