ရွှေဘို ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၊ ရတနာသိင်္ဃခန်းမ၌ ဇန်နဝါရီလ ၂၉ ရက်နေ့ ၊နံနက် ၉နာရီအချိန်က (၇၅)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့်ပန်းချီ ပြိုင်ပွဲကိုကျင်းပခဲ့သည်။
ပြိုင်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ရွှေဘိုတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာမျိုးမျိုးက လွတ်လပ်ရေးအတွက် အလွန်အရေးကြီးသည့် တိုငိးရင်းသားညီကိုများ ညီညွတ်မှုကိုပြသစည့် ပင်လုံစာချုပ်ချုပ်ဆိုသည့်နေ့ ပြည်ထောင်စုနေ့အကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ကျောင်းသား၊ကျောင်းသူများ၏ ရင်တွင်းကိန်းအောင်စေရန် ရည်ရွယ်ပြီး ကျင်းပပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးပြိုင်ပွဲမှ ပထမဆုရရှိသူများကို တိုင်းဒေသကြီးအဆင့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်ချီပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါမောက္ခချုပ်ဒေါက်တာ ဒေါ်မျိုးမျိုးထံမှ သိရသည်။
စိုးသီဟ(ရွှေဘို)