ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ထားဝယ် ဇန်နဝါရီ    ၂၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ယနေ့ နံနက် (၉) နာရီ က (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်သင်တန်းမှ သင်တန်းသား/သူများ က သတ်မှတ်ထားသောခေါင်းစဉ်များဖြင့် ဆောင်းပါးတွင်(၉)ဦး၊ စာစီစာကုံး(၁၅)ဦး၊ ကဗျာ(၁၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ထားဝယ် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းနှင့်တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲတွင် သင်တန်းသား/သူများ က  ကျပန်းတွင်(၆)ဦး ပန်းချီ(၁၂)ဦးတို့က ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဆက်လက်ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)