ငါးသိုင်းချောင်း၊ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက သတင်းမှား/သတင်းမှန်ခွဲခြားနိုင်ရေးအသိပညာပေး ဟောပြော ပွဲကျင်းပရာ ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်း ယုဝေကသတင်းမှား/သတင်းမှန်ခွဲခြားနိုင်မည့်နည်းလမ်း များနှင့် သတင်းတုမှန်း သိသာစေမည့် နည်းလမ်း(၈)မျိုး အကြောင်းကို အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့ပြန်/ဆက်ဦးစီးဌာနမှ(ဓါတ်ပုံကျွမ်းကျင်-၂)ဦးစိုးမင်းဦးကသတင်းမီဒီယာများအကြောင်း၊ သတင်းမီဒီယာ ကျင့်ဝတ်၊ သတင်းကောင်း၊သတင်းမှန်ရွေးချယ်တတ်စေရေး နှင့် သတင်းမီဒီ ယာဆိုင်ရာ သိနားလည်မှု အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်း၊ကျောင်းသား/ကျောင်းသူများ အားသတင်းစီးဆင်းမှု ဆိုင်ရာသိနားလည်မှု လက်တွေ့လုပ်ဆောင်ချက် စုပေါင်းဂိမ်းကစားခြင်းအစီအ စဉ်များကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ အထက၊ငါးသိုင်းချောင်း ကျောင်း မှ(Grade-8)နှင့်(Grade-10)ရှိဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူ(၂၆၀)ဦးခန့်တက် ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
မြို့ပြန်/ဆက်