ကျိုက်လတ် ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ ဘာသာရေးအဆောက်အအုံများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်၁၀ နာရီက ကျိုက်လတ်မြို့၊ အမှတ် (၁)ရပ်ကွက်၊ ပေါင်းဆန်စက်ရုံတွင် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးဇေယျာမင်းက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးမှူးဦးဇေယျာမင်း ဦးဆောင်၍ သန္ဓေဝန်ထမ်း (၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၃)ဦးတို့က ပေါင်းဆန်စက်ရုံမီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းဖြင့် မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ခြင်း ဇာတ် တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်