ဖျာပုံ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်သော မြို့တစ်မြို့ဖြစ်စေရန် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က မြို့နယ်ပညာ ရေးမှူးရုံးရှေ့မှစတင်ကာ ဆောင်ရွက်ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးစောနေနိုင်ထွန်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများသည် ဖျာပုံမြို့ ပညာရေးမှူးရုံးမှစတင်ကာ အောက်ကွင်းကျေးရွာအထိ လမ်းဘေး၊ ဝဲယာရှိအမှိုက်များ၊ ခြုံနွယ်များအားရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဖျာပုံ-ဘိုကလေး မြို့အဝင်ဆိုင်းဘုတ်၊ ကားလမ်းဘေးဝဲယာတို့၌ စုရပ်(၂)နေရာခွဲ၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်/ဆက်)