ဘားအံ ဇန်နဝါရီ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးကဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့်၇၅နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူ လူငယ်များ စာပေဗဟုသုတနှင့်ပြည့်စုံစေရန် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွှတ်စွာ နေထိုင်ရေး၊ ပြည်ထောင်စု စိတ်ဓါတ်များ အစဉ်ထာဝရ ကိန်းအောင်းနေစေရေးအတွက် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ပြိုင်ပွဲကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ပြိုင်ပွဲခေါင်းစဉ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၅)၊ အထကခွဲ (၂)၊ အထကခွဲ(၃)၊ အထကခွဲ(၆)၊ အထက (ဘားကပ်)၊ အထက(စက်ရုံ)၊ အထက(လှာကာ) ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၃) ဦးက ညီနောင်တစ်စု ပြည်ထောင်စု ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် ပြန်/ဆက်