မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံအပ်ချုပ်စက်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု(၆)လဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားက မြို့နယ်ကျေးလက်ဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။