ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဝါးခယ်မမြို့ ဓမ္မဒါနလမ်း လမ်းဘေးဝဲယာတွင် စုပေါင်းအမှိုက်ကောက်ခြင်းများဆောင်ရွက်

ဝါးခယ်မ ဖေဖော်ဝါရီလ ၁ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်တွင် Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် အချိန်က ဝါးခယ်မမြို့  ဓမ္မဒါနလမ်းဘေးဝဲယာတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦး‌ဆောင်၍  မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၀)ခန့်ဖြင့် ဝါးခယ်မ ဓမ္မဒါနလမ်းဘေးဝဲယာတွင် စုပေါင်းအမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းအမှိုက်များ သယ်ယူ၍ အမှိုက်ကားပေါ်သို့ စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး