လသာမြို့နယ်တွင်အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်​နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂)လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပခဲ့သည်။

ကမာရွတ်မြို့နယ်တွင်းရှိ စျေးဆိုင်များ ပုံမှန်စျေးများ ရောင်းချလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အခွန်လွတ်စျေး၊ လှည်းတန်း​စျေး၊ (​ပေ၅၀)​စျေး၊ သံလွင်​စျေး၊ ဆင်မလိုက်​စျေးနှင့် ဦးရွှေမှန်စျေးတို့တွင် ယနေ့နံနက်ပိုင်းက ကုန်မျိုးစုံဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းနှင့်အသား ငါးစျေးဆိုင်များအား ပုံမှန်နေ့ရက်များအတိုင်း စျေးသည် စျေးဝယ်များနှင့် ဝယ်ယူရောင်းချနေလျက်ရှိကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တွံတေးမြို့နယ် ရွာသစ်ကြီး၊ ရွာသစ်ကလေးသွားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဌက်ပျောစမ်းကျေးရွာအုပ်စု၊ ရွာသစ်ကြီး၊ ရွာသစ်ကလေးကျေးရွာ ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ခဲ့သော ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် တိုင်းဒေသကြီးရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေ များဖြင့်ဆောင်ရွက် ပြီးစီးခဲ့သော အေးမြသာယာရပ်ကွက် ဗန္ဓုလ လမ်းသွယ်(၂) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရမ်းဗြဲမြို့၌ မှုခင်းအသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှကြီးမှူး၍ မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ရမ်းဗြဲမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရမ္မာဝတီခန်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ချယ်ရီရေယာဉ်များ ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်များ အေးချမ်းစွာသွားလာ

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံ ကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်သားပြည်သူများ၊ အစိုးရ ဝန်ထမ်း များ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများအား ရန်ကုန်မြစ်တွင်း ချယ်ရီသင်္ဘော ရေယာဉ်များ ဖြင့် ကူးတို့ပို့ဆောင်ပြေးဆွဲပေးလျက်ရှိရာ ယနေ့ နံနက်က ခရီးသည်များ အေးအေးချမ်းချမ်းဖြင့် ပုံမှန်သွားလာ လျက်ရှိသည်ကို တွေ့မြင်ရသည်။

နတ်တလင်းမြို့နယ် Community Centre ခန်းမတွင် အသိပညာပေးTalk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီ အချိန်က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်၌ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် လောကဥူးသျှောင် ဘုရား တည်ထားကိုးကွယ်ရန် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် မာန်အောင်မြို့ အနောက်စုရပ်ကွက်၊ ကွင်းအမှတ်(၈၆၀-က)ရှိ မြေ(၂၀၀)ဧကတွင် ဉာဏ်တော်အမြင့် (၁၀၈)ပေရှိသော လောကဥူးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန် ဆရာတော်မှ တည်ထားမည့် ဗုဒ္ဓရုပ်ပွားတော် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to