ရန်ကုန် ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်း တော်ပေါ်ရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီး)ဘုရားတွင် ယနေ့နံနက်ပိုင်းက ပြည်သူများ အေးချမ်းစွာ ဘုရားလာရောက် ဖူးမျှော်လျက်ရှိသည်။
ပြည်သူများ အေးချမ်းစွာ ဖူးမျှော်နိုင်စေရန် လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီး)ဘုရား ဂေါပဂအဖွဲ့နှင့် တာဝန်ရှိသူများက နေ့စဉ် ဘုရား၏ ရင်ပြင်ပေါ် တွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရားဝင်းအတွင်း လမ်းများ၏ ဝဲ/ယာရှိ မြက်များ၊ ခြုံနွယ်များ၊ သစ်ပင်အောက်တတ်များ ခုတ်ခြင်း၊ မီးကြိုးနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ ရှင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်လျက်ရှိသည်။
လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီး)ဘုရားတွင် နေ့စဉ် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိပြီး ပြည်သူများ အေးချမ်းစွာ လာရောက်ဖူးမျှော်လျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို