ငရုတ်ကောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ငရုတ်ကောင်း ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၂ခုနှစ် (၇၅)နှစ်​မြောက်၊စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ငရုတ်ကောင်းမြို့ရှိ အားကစားကွင်းတွင် ယနေ့နံနက်၈နာရီက စည်ကားစွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဒေသခံပြည်သူများ၊ ကလေးသူငယ်များအားကစားကို ချစ်မြတ်နိုးစွာဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုများ ရရှိစေရန်၊ ကိုယ်လက်လှုပ်ရှား၍ ကျန်းမာသန်စွမ်းသောသူများ ဖြစ်ပေါ်လာစေရေးနှင့် မြို့အဆင့်မှ နိုင်ငံတော်အဆင့်အထိ အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်လျက် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင်မီတာ(၁၀၀)၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ ထုတ်စည်းထိုး၊ ပူစီပေါင်းဖောက်၊ ခွက်နင်း၊ သုံးချောင်းထောက်၊ ဇကောရွက်၊ မုန့်ကိုက်နှင့် ကျေးရွာအုပ်စုများမှ ပိုက်ကျော်ခြင်း တစ်သင်းစီနှင့် စုစုပေါင်း(၁၆)သင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ပြိုင်ပွဲဝင်အားကစားသမားများ၊ ရပ်ကွက်အတွင်းများမှ အားကစားဝါသနာရှင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်