ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များအား ကျေးရွာအရောက် လိုက်လံနှိုးဆော်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်း မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လိုက်လံ နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။