ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက် (၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် စုပေါင်းရုံးကြီးနှင့် ဌာနဆိုင်ရာရုံးများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၃၀၀)ခန့်မှ အဖွဲ့များခွဲကာ စုပေါင်းရုံးကြီးနှင့် ဌာနဆိုင်ရာရုံးများ အတွင်းရှိ နွယ်မြက်ပေါင်းပင်များ၊ အမှိုက်များ၊ ခြုံနွယ်များအား စုပေါင်းသန့်ရှင်းခဲ့ကြပြီး ထွက်ရှိလာ သောအမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ခဲ့ ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)