မိုင်းပျဉ်းမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုအဖြစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

မိုင်းပျဉ်း  ဖေဖော်ဝါရီ   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင်   ယနေ့နံနက်ပိုင်းက စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် အကြိုအဖြစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါလမ်းဖွင့်ပွဲ အခမ်းအနားတွင် ပထမဦးစွာ မိုင်းပျဉ်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဉီးမြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင် အရာရှိဦးစိန်ဝင်းက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ လိုက်လံ ကြည့်ရှုခဲ့ကြသည်။

ထို့နောက်တွင် တိုင်းရင်းသားရိုးရာ အဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို တက်ရောက် လာကြသည့် ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)