မင်းပြားမြို့နယ် စွန်ရဲကျေးရွာ၌ အဓိဌာန်ဆရာတော် ဘုရားကြီးမှူး၍ နှစ်ထပ်တိုက်နယ် ဆေးရုံဆောက်လုပ်လှူဒါန်း

မင်းပြား ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာသည် မင်းပြား၊  ပေါက်တော ကားလမ်းပေါ်တွင် တည်ရှိပြီး ကမ္ဘာဗုဒ္ဓသာသနာပြု ကျေးဇူးတော် ရှင်မဟာဇေယျ သိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးက ဦးဆောင်ကြီးမှူး၍  ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာနှစ်ထပ် တိုက်နယ်ဆေးရုံကို ရိုးမအာရုဏ်ဆောက်လုပ်ရေး ကုမ္ပဏီမှ  တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး အတိုင်းအတာမှာ အလျှား(၁၃၅)ပေ၊  အနံ(၅၆)ပေရှိ နှစ်ထပ်တိုက်နယ် ဆေးရုံသစ် ရတနာအုဋ်မြတ်စီ မဂ်လာအခမ်းအနားကို ယမန်နေ့က  ကျင်းပပြုလုပ်သည်။

အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်များက ပြည်တွင်းပြည်ပ ကမ္ဘာဗုဒ္ဓ သာသနာပြု ကျေးဇူးတော်ရှင် မဟာဇေယျသိဒိ္ဓအဓိဌာန်  ဆရာတော်ဘုရားကြီးထံမှ ငါးပါးသိလ ဆောက်တည်ခံယူ၍ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေ၊  ပရိတ်ခြေ၊ ရတနာအုဋ်မြတ်တို့အား ဌာနဆိုင်ရာ အကြီးအကဲ()ဦးမှ သံဃာတော်များ ထံလှူဒါန်းပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ္တံ ပရိတ်တရားတော်မြတ်ကို နာယူကာ ပြည်တွင်းပြည်ပ ကမ္ဘာဗုဒ္ဓသာသနာပြုကျေးဇူးတော်ရှင် မဟာဇေယျ သိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးထံမှ တိုက်နယ်ဆေးရုံ  ဆောက်လုပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဩဝါဒဓမ္မကထာချီးမြှင့်ကာ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်ခြေ၊ ရတနာ အုဋ်မြတ်တို့အား နှစ်ထပ်တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နိုင်ရန် ရတနာအုဋ်မြတ်စီ မဂ်လာပြုလုပ်မည့် နေရာသို့ သွားရောက်ပြီး ပြည်တွင်းပြည်ပ ကမ္ဘာဗုဒ္ဓသာသနာပြု ကျေးဇူးတော် ရှင်မဟာဇေယျ သိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီး အမှူးပြုသော  သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲတို့က ရတနာအုဋ်မြတ်စီ မင်္ဂလာ ပြုလုပ်၍ ဇယန္တောဗောဓိယာမှု လေသုံးဂါထာရွတ်ဆိုပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သိန်းနုအောင်