ငါ့သရောက်မြို့ ဝန်ထမ်းများ စုပေါင်းအင်အားဖြင့် စွန်သိုက်ဘုန်းတော်ကြီးကျောင်း ဘုရားသစ်တည်ရာသို့ လုပ်အားပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ၊ အမှတ်(၁) မြောက်ကုန်းရပ်ကွက်တွင် တည်ရှိ သော စွန်သိုက်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် အသစ်တည်ဆောက်လျက်ရှိသော ဥဒ္ဒိဿစေတီ တော်သစ်တည်ရာသို့ ငါ့သရောက်မြို့ရှိ ဝန်ထမ်းများစုပေါင်း၍ သွားရောက်ကာ လုပ်အားပေး ကုသိုလ် ဒါနယူခဲ့ကြောင်း သိရသည်။