လက်ပံတန်း ဖေဖေါ်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်၉ နာရီက လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်က ပန်းခင်းစီမံချက် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးနှင့် တာဝန်ရှိသူ တို့က ဂွေးတောက်ကွင်း ကျေးရွာအုပ်စု. အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၂ ခု ကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၉)အုပ်စုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၅၉၆၁)ခုဆောင်ရွက်ရမည်ဖြစ်ပြီး ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား(၆၁၃၅)ခု ပြုလုပ်ပေးပြီး (၁၀၂. ၉၁)ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးသန့်ဇင်ထံမှ သိရှိရသည်။
ဝင့်နန္ဒာဌေး