ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့်ပုံပြောပြိုင်ပွဲကျင်းပ

ကျောက်ဆည်   ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပုံပြော ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသူသည့် အလေ့အကျင့် ကောင်းများပိုမို ရရှိစေရန်၊ အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါပုံပြောပြိုင်ပွဲတွင် ကျောက်ဆည်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၃၀)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို တာဝန်ရှိ သူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ထွေး