ကျောက်ဖြူမြို့၌ အဏ္ဏဝါညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အဏ္ဏဝါညစ်ညမ်းမှု မဖြစ်ပေါ်စေရန်နှင့် အဏ္ဏဝါစွန့်ပစ် ပစ္စည်းများလျှော့ချနိုင်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်​၌ အသက် ၁၈ ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sputnik Light) ထိုးနှံပေးလျက်ရှိ

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အမှတ်(၃)ရပ်ကွက်​ ​ခေမာရာမကျိုင်းတုံ​ကျောင်း၌ အမှတ်(၂)ရပ်ကွက်ရှိ အသက်၁၈နှစ်နှင့်အထက် ပြည်သူ များနှင့် ဦးတည်အုပ်စုများအား ယမန်နေ့နံနက် ၉း၃၀ နာရီ အချိန်မှ စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sputnik Light) ထိုးနှံပေးလျက် ရှိသည်။

ဇလွန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇလွန်မြို့လမ်းမတော်တောင်ရပ်ကွက် ပဒုမ္မာလမ်းတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။ 

ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ် ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိ‌စေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားမှု မရှိစေရေး အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ကို ယမန်နေ့က အ-ထ-က(၁)သီရိရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဦး၌ ကောင်းမွန်သော ငါးမွေးမြူခြင်းနည်းပညာ (GAqP )ဆိုင်ရာ ရက်တို သင်တန်းပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အစီအစဉ်ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက အောင်သာကျေးရွာတွင် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ကောင်းမွန်သော ငါးမွေးမြူခြင်း နည်းပညာဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။

ကြံခင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ရွာသစ်ရပ်ကွက် မဟာဗန္ဓုလလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ )ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၁၇ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6)ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၇၁)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဗန်းမော်မြို့ သိမ်မဟာစေတီတော်ဘုရားဝင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူနှင့်မိသားစုများ၊ အလှူရှင်များတို့သည် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁ဝ နာရီက သိမ်မဟာစေတီတော်ဘုရားဝင်း၌  ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အထက(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့  ရုံးလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊မြန်အောင် မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ရုံးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to