ဒေါပုံမြို့နယ်တွင် ဈေးဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်လက်ပိုစတာ ကပ်ခြင်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဒေါပုံဈေးတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပညာပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။