ကျိုက်လတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့နယ်ရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့၌ မြို့မစည်ပင်သာယာဈေးနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်သွားလာ စည်ကားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့၌ ယနေ့တွင် ဈေးများနှင့် လမ်းများ၌ ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာ စည်ကားလျက်ရှိကြောင်း သိရသည်။

ပြင်စလူမြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဈေးရောင်း၊ ဈေးဝယ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိ 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့ တွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စျေးရောင်းစျေးဝယ်များ ပုံမှန်အတိုင်း သွားလာ၊ ကျောင်းတက်ရောက်လျက်ရှိသည်။ 

သုံးခွမြို့နယ် သဲကွဲကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရန်ပုံငွေဖြင့်‌ ဆောင်ရွက်သည့် ရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလ (အောက်တိုဘာလမှ မတ်လ) တွင် သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီးဌာန မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးလက်နေ ပြည်သူတို့ ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် အဇန်းတောဇွန်း ကျေးရွာအုပ်စု သဲကွဲကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များ ပုံမှန်ဈေးများ ရောင်းချလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ဘုရားကြီးရပ်ကွက် (အခွန်လွတ်စျေး) နှင့် ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာဈေးတို့တွင် ယနေ့ နံနက်ပိုင်းက ကုန်မျိုးစုံဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းနှင့်အသား ငါးဈေးဆိုင်များအား ပုံမှန်နေ့ရက် များအတိုင်း ဈေးသည် ဈေးဝယ်များနှင့် ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် ပြည်သူလူထုများ ပုံမှန်လှုပ်ရှားသွားလာလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ပြည်သူလူထုများပုံမှန်လှုပ်ရှားသွား လာမှုများ ယခင်အတိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမူလတန်းကြိုကျောင်း၌ ကျောင်းတွင်းပျော်ပွှဲရွှင်ပွဲအဖြစ် ကာယစွမ်းရည်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ပံတန်း မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ပျော်ပွဲရွှင်ပွဲအဖြစ် ကာယစွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယ​နေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့ လူထုအခြေပြု ဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် မူလတန်းအဆင့် အားကစားပြိုင်ပွဲကို ယနေ့နံနက်(၁ဝ)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to