ချမ်းမြသာစည် ဖေဖော်ဝါရီ ၁
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ မဟာမြတ်မုနိဘုရားကြီးသို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြပြီး ဘုရားဖူးကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
မန္တလေး မဟာမြတ်မုနိဘုရားဝင်းအတွင်း ဘုရားဖူးသူများ စိတ်အေးချမ်းသာစွာဖူးမျှော်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက စုပေါင်း ကုသိုလ်ယူသန့်ရှင်းရေးများ ဆောင်ရွက်ထားရှိကြောင်းလည်း သိရှိရသည်။
ခင်စိမ်း၀င်း