မချမ်းဘော့မြို့၌ ဆွမ်းဆန်တော်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ ဆွမ်းဆန်တော်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မချမ်းဘော့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမတွင်ကျင်းပခဲ့သည်။

နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်း သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က နမ္မတူမြို့နယ် မြို့မဈေးအနီးနှင့် သပြေလမ်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းခတ်၌ ဖေဖေါ်ဝါရီ၁ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မိုင်းခတ်-မိုင်းညှင်းကျောက်ချော လမ်းသစ်ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဖေဖေါ်ဝါရီ၁ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းခတ်-မိုင်းညှင်းလမ်းမြေသားလမ်းချဲ့ထွင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း အခမ်းအနားကို ယနေ့နံနက်၉နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ပျော်ပွဲရွှင်ပွဲ W ဂိုးကျဉ်းပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပျော်ပွဲရွှင်ပွဲ W ဂိုးကျဉ်းပြိုင်ပွဲကို ရန်ကုန်ပြည်ကားလမ်းဘေး မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဘီးလင်းမြို့နယ် ဌာနဆိုင်ရာ​ပေါင်းစုံဖူဆယ်ပြိုင်ပွဲ ကျင်းပ

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ (၇၅) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက် တင်းနစ်ကွင်း၌ ကျင်းပ ပြုလုပ်သည်။

စစ်ကိုင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Physical Fitness Dance ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှု တစ်ရပ်အဖြစ် Physical Fitness Dance ပြိုင်ပွဲကို အဆိုပါတက္ကသိုလ်ရှိ မိုးလုံ လေလုံ အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ဝင်မြို့ထွက်ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ထားရှိမှုအပေါ် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ဝင်မြို့ထွက်ရှိ ကိုဗစ်-၁၉ရောဂါ စတုတ္ထလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်၍ ပြန်လည်ထားရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

(၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ​ရေးမြို့တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ ​​ရေးမြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ဖူဆယ်​ဘောလုံးပြိုင်ပွဲကို ယ​မန်နေ့ နံနက် ၉ နာရီက မြို့မအားကစားကွင်းရှိ ဖူဆယ်​ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

မိုင်းယောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့် မိုင်းယောင်း ဖေဖော်ဝါရီ ၁ နန်းပန်
Subscribe to