မန်တုံ ဖေဖေါ်ဝါရီ ၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု(၆)လဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားက မြို့နယ်ကျေးလက်ဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ထို့နောက် အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသန်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းဦးက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်ပေးပြီး သင်တန်းမှရရှိသော အတတ်ပညာဖြင့် မိမိအတွက်၊ မိသားစုအတွက် တပိုင်တစ်နိုင် စီးပွားဖြစ်ပြန်လည်အသုံးချ ဆောင်ရွက်သွားရန်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အသက်မွေးဝမ်းကြောင်း အခြေခံအပ်ချုပ်စက်သင်တန်းမှာ သင်တန်းကာလ(၁)လ အတွင်း သင်တန်းသူ(၂၀)ဦးအားဘာသာရပ်(၅)မျိုးဖြင့်သင်ကြားပို့ချပေးနိုင်ခဲ့ပြီးသင်တန်းသူ(၁)ဦးအားထူးချွန်သင်တန်းဆု ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။
မန်တုံ (ပြန်/ဆက်)