ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား၊ အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျောက်တံခါး ဖူဆယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။