ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနား ကျင်းပ

ဘူးသီးတောင်   ဖေဖော်ဝါရီ   ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးရောင်းသား/သူများနှင့်ပူးပေါင်းကာ ယမနေ့ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ကွန်တိုင်စျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့ သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဉီးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းက မီးသတိမူရေး၊ ရှေ့ဦးမီးငြှိမ်းသတ်နည်း စနစ်များနှင့် မီးဘေးကြိုတင် ကာကွယ်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဈေးရောင်းသား/သူများအား လက်တွေ့မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု မီးငြှိမ်းသတ်နည်း လေ့ကျင့်ဆောင်ရွက်ပေးခြင်းတို့ကို သရုပ်ပြသခဲ့ပြီး ဈေးအတွင်းဆိုင်းခန်းများတွင် မီးဘေးလုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ဆေးဘူးများ သတ်မှတ်ထားသည့်အတိုင်း ပြင်ဆင်ထားရှိမှုတို့အား စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှကျော် (ပြန်/ဆက်)