ဘိုကလေးမြို့နယ်၌ အသိပေးထုတ်ပြန်ချက်အား ပြည်သူများသိရှိစေရေး အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသံတိတ်သပိတ် (Silent Strike) နှင့်ပတ်သက်၍ပြည်သူများ သိရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့မှ ဇန်နဝါရီလ(၂၆)ရက်နေ့ ညနေ(၆)နာရီအချိန်၌ မြို့နယ်တွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ဆောင်ရွက်ကြကြောင်းသိရသည်။

ချောင်းသာ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို သဲသောင်ပြင် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အိမ်တွင်းဝါးလက်မှုလုပ်ငန်းများ ကုန်ကြမ်းဈေးတက်သော်လည်း ရောင်းအားကောင်းသောကြောင့်အဆင်ပြေ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ အိမ်တွင်းဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ယခုနှစ်ပွင့်လင်းရာသီတွင် ကုန်ကြမ်းပစ္စည်းများဝယ်ယူရာ၌ ဈေးမြင့်နေသော်လည်း ရောင်းအားကောင်းနေသောကြောင့် အဆင်ပြေကြကြောင်း သပြေနီကျေးရွာရှိ ဝါးကုတင် ဝါးကုလားထိုင် တနိုင်တပိုင် ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။

ပခုက္ကူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) အခမဲ့ကွင်းဆင်းထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်များမှ ပြည်သူများအား အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေးဘဏ်ခံ ဘက်စုံသုံး အဆောက်အဦး(Shelter)ခန်းမ၌ ယနေ့ နံနက်ပိုင်းက စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) အခမဲ့ကွင်းဆင်း ထိုးနှံပေး ကြကြောင်း သိရသည်။

ဘီးလင်းမြို့ အ-ထ-က(ကန်သာယာ)ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြို အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

သထုံခရိုင်၊ ဘီးလင်းမြို့နယ် အ-ထ-က (ကန်သာယာ)ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

တမူးမြို့ မြို့မစည်ပင်သာယာစျေးနှင့် ပြည်သူ့ဆေးရုံတွင်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိအခမဲ့ စစ်ဆေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရန် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့မစည်ပင်သာယာစျေးရှိ စျေးခေါင်းရုံးနှင့်ပြည်သူ့ဆေးရုံတို့တွင် အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ လူတစ်ဦးလျှင် စားဆီတစ်ပိဿာကို ၄၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ မြို့မစည်ပင်သာယာစျေး အနောက်ဖက် တွင် ယနေ့ နံနက် ၆ နာရီ အချိန်မှစတင်၍ လူတစ်ဦးလျှင် စားဆီတစ်ပိဿာကို ၄၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင် ကြက်အုပ်ခြင်းတောင်း ယက်လုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကြက်အုပ်ခြင်းတောင်း ယက်လုပ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း မြို့မရပ်ကွက်နေ ဦးမင်းအောင်ထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါပိုးများကို သတိပြုအ‌လေးနက်ထားကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to