ဇလွန်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် ၈ အချိန်တွင် ဇလွန်​မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့၌ ပြုလုပ်ခဲ့ကြသည်။

မိုးမောက်မြို့တွင် ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း Omicron ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် မြို့နယ်ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ် ရပ်ကွက်များနှင့်လူစည်ကားရာနေရာများ၌  မြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်−၁၉ မျိုး ရိုးဗီဇပြောင်း Omicron ရောဂါပိုး ကူးစက်လာခြင်းများမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် (၁၈၇၀၁) ဦးအား ထိုးနှံပေးပြီးဖြစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့ နံနက် (၉) နာရီက လယ်ဝေးမြို့ သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၁၈၅၀၇)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကသာမြို့၌ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့၊ လျှပ်စစ်ကုန်းရပ်ကွက်ရှိ တောင်ပေါ် ကျောင်းဓမ္မာရုံ၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ယမန်နေ့ က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌  လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေငြာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေငြာခြင်းကို ယနေ့ညနေ(၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေး အန္တရာယ်များအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံမှုရှိစေရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေး အန္တရာယ်များအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို အမှတ်(၁) ရပ်ကွက်ရှိ စိန္တာမုနိ ဘုရားကြီးဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့၌ “ ပန်းခင်း ” စီမံချက် နှင့်ပတ်သတ်သည့် သိမှတ်ဖွယ်ရာများ အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ယနေ့ နံနက် ၉ နာရီ အချိန်က “ ပန်းခင်း “ စီမံချက်နှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောပွဲကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်းများက အာယုဂဏနအဘရ စေတီတော်ဝင်း အတွင်း ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်း မြို့နယ်တွင် အသက်(၄၀) နှစ်နှင့်အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်( ၄၀ )နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသောပြည်သူ(၁၃၆)ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့၊ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား သံတွဲမြို့မှ ကြိုဆိုဂုဏ်ပြု

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းသည် ယမန်နေ့ မွန်းလွဲ ၃နာရီက မော်တော်ယာဉ်ဖြင့် အမ်းမြို့မှ သံတွဲမြို့သို့ရောက်ရှိလာရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးလှဟန်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူများက ပန်းစည်း၊ ပန်းကုန်းများ ဆက်ကာ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီး ချဲ့ထွင်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းတိုင်များနှင့် ထရန်စဖော်မာများ ပြောင်းရွှေ့စိုက်ထူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ  ပြည်ထောင်စုလမ်းမကြီး ချဲ့ထွင်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းတိုင်များနှင့် ထရန်စဖော်မာများ ပြောင်းရွှေ့ စိုက်ထူမှုကို ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် Junction River Trading ကုမ္ပဏီမှ ပြောင်းရွှေ့စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to